CRPH, NUG က သူတောင်းစား၊ PDF က သူခိုးဓားပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CRPH, NUG က သူတောင်းစား၊ PDF က သူခိုးဓားပြ



ကြားလို့ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ -

ဝန်ထမ်းတွေ လစာပေးမယ့် ငွေတွေနဲ့ ကားကိုပါ PDF က ဓားပြတိုက်သွားသတဲ့ဗျာ။  မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီ ဝန်ထမ်းများအား လုပ်အားခလစာပေးထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ သိန်းကျပ်ထည့်ထားသည့် ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးမှာ ၃၀-၁၁-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက် သမားများက ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။


အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့ ၂ ဦးသည် မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျင် ငွေကျပ်သိန်း ၈၈၀ စီထည့် ထားသည့် ATM စက် ၂ လုံးအား ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ်တင်ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်သမား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လမ်းအားပိတ်ရပ်ကာ မော်တော်ယာဉ်အား တားဆီးပြီး ဦးကောင်းဆက်သူ တို့ ၃ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁၇၆၀ ပါ ATM စက် ၂ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြခြင်းဖြစ်ပါတယ်။


PDF အကြမ်းဖက်သမားတွေရဲ့ အခုလို ဓားပြတိုက် လုယူတဲ့ကိစ္စဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ယခင်ကလည်း အလားတူ ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပဲခူးမြို့မှာ ဧရာဝတီဘဏ်က ငွေသယ်လာတဲ့ ကားကို ရဲအယောင်ဆောင်ပြီး ဓားပြတိုက်ခဲ့တယ်။ အဲဒီဓားပြမှုကတော့ ညတွင်းချင်း သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ငါန်းဇွန်းမှာ ဖြစ်သွားတဲ့ ဓားပြမှုနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အချိန်နဲ့တပြေးညီ အလေးထား ဆောင်ရွက်မယ်ဆိုရင် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။


အခုလို အများပြည်သူရဲ့ လုပ်အားခကို မတော်မတရား ဓားပြတိုက် လူယူတဲ့ ဖြစ်စဉ်တွေ၊ ဘဏ်တွေမှာ သေနတ်ပြပြီး ဝင်တိုက်တဲ့ ဖြစ်စဉ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဗျ။ NLD အစွန်းရောက်တွေက အမည်မျိုးစုံနဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းလိုက်တော့မှပဲ ဒါမျိုးသတင်းတွေ မကြာခဏ ကြားနေရတယ် မဟုတ်ပါလား။

ဘာတဲ့ မောင်မင်းကြီးသား PDF အကြမ်းဖက်သမားများက ရည်ရွယ်ချက်တော့ ကြီးသဗျ။ ဧရာဝတီဘဏ်က ငွေသယ်ယာဉ်ကို ဓားပြတိုက် လုယူတဲ့ ပဲခူးPDF အကြမ်းဖက်အဖွဲ့က မောင်မယ်များက  ရရှိလာတဲ့ ငွေတွေနဲ့ လက်နက်ဝယ်ဖို့၊ တော်လှန်ရေးလုပ်ဖို့ ဆိုပဲ။ တကယ်တန်း လုံခြုံရေးအဖွဲ့တွေက လိုက်လံဖမ်းဆီးလို့ မိတဲ့အခါကြတော့ ဘယ်ဟုတ်လို့လဲ။ PDF သူခိုးဓားပြတွေ ကိုယ်စီကိုယ်ငှ သုံးစွဲဖို့ ခွဲဝေပြီးပြီ။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီးထဲက PDF တွေလည်း CRPH, NUG ပြည်ပြေး ဝရမ်းပြေးတွေ ဆီက ထောက်ပံ့ငွေ ရပုံမပေါ်ဘူး။ တွေ့ရာ မြင်ရာလူကို သတ်ပြီး ရရာလုယူ ဓားပြတိုက် လုပ်နေရတာ ကြာပြီ။ အလွယ်ကူဆုံး လက်နက်မဲ့ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ဓားပြတိုက်ယူတဲ့ အမှုပေါင်း မနည်းမှ မနည်းတော့ဘဲ။


PDF အကြမ်းဖက်သမားများကို ဦးဆောင်လမ်းညွှန် တဲ့ CRPH, NUG ကိုယ်တိုင်က တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အဖွဲ့အစည်းတွေမှ မဟုတ်ဘဲ။ ပြည်သူတွေ ထောက်ပံ့လှူဒါန်းတဲ့ ငွေကြေးကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချတယ်။ အစွန်းအထွက်လောက်ကို PDF ဆီ ထောက်ပံ့ပေးတယ်။ အဲဒီလို အစွန်းအထွက်လောက်သာ ရတဲ့ အထောက်အပံ့ကလည်း PDF  နွားလေးတွေ စားရတာမဟုတ်ဘဲ ဦးဆောင်သူတွေက လူပါးဝပြန်ရော။ သူတို့တွေမှာ ပြည်သူကို ခုတုံးလုပ်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆို ရသမျှကို အလွဲသုံးစားလုပ်ပြီး ဟန်ကျနေလိုက်ပုံများဗျာ။


CRPH, NUG က ကမ္ဘာပတ်ပြီး သူတောင်းစားလုပ်၊ PDF က ပြည်တွင်းမှာ သူခိုး ဓားပြလုပ်။ တော်လှန်ရေး မျက်နှာဖုံးစွပ်ပြီး သူတောင်းစားဖြစ်တဲ့သူကဖြစ်၊ သူခိုး ဓားပြ ဖြစ်တဲ့သူလည်းဖြစ်လို့။ တစ်ပတ်နေရင် နိုင်တော့မှာ၊ တစ်လနေရင် နိုင်တော့မှာ၊ ဒီတစ်ခါ အဆုံးသတ်တိုက်ပွဲ ဆိုတဲ့ လေလှိုင်းပေါ်က လှုံ့ဆော်သူ ပြည်ပြေး၊ ဝရမ်းပြေးတွေရဲ့ အသံတွေတောင် မကြားရတာ ကြာပေါ့။


အလွဲသုံးစား လုပ်မှုတွေ များလာလေ အချင်းချင်း ဝေဖန်တိုက်ခိုက်မှုတွေ မြင့်တက်လာလေ။ PDF အကြမ်းဖက်သမားအပေါင်းကို ဦးဆောင်သူ ရည်မွန် က ထိုင်းနိုင်မှာ အရက်ထွက်ဝယ်ရင်း အဖမ်းခံရလို့ဆိုတာကလည်း ဟိုးလေးတကျော်ကျော်၊ စာရေးဆရာ သက္ကမိုးညို ဆိုသူကလည်း သူများတွေ တတိယနိုင်ငံရောက်ပြီး သူ့မှာတော့ ထိုင်းနိုင်ငံမှာ သောင်တင်နေလို့ဖောင်းထုပြန်ရော။ သက္ကမိုးညို က ဖောင်းထုတော့ ပြည်သူတွေ လှူဒါန်းတဲ့ ငွေနဲ့ ထိုင်းနိုင်ငံမှာ ဇိမ်ယစ်နေတယ်ဆိုပြီး အပျံမလေးက တွယ်ပါလေရော။ သက္ကမိုးညိုနဲ့ တိတ်သွားပြန်တော့ အပျံမနဲ့ စင်္ကာပူကြက်မကြီး ရန်ပွဲက အကြီးအကျယ် ထဖြစ်ပါလေရော။


NUG အကြမ်းဖက်အဖွဲ့အစည်းတစ်ခုလုံးအတွက် အဓိက ဘဏ္ဍာရေးတာဝန်ခံကတော့ အပျံမပဲဗျ။ အပျံမလောက် ငွေရှာနိုင်တဲ့သူ ရှိကို မရှိဘူး။ သူတို့ရဲ့ အဆိုအရတော့ fundrasing ပေါ့ဗျာ။ မြန်မာလို တိတိကျကျ ဘာသာပြန်မယ်ဆိုရင်တော့ တောင်းရမ်းခြင်း၊ သူတောင်းစားလုပ်ခြင်း စသဖြင့် စသဖြင့်ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ တောင်းရမ်းလို့ ရတဲ့ငွေကို တိုင်းပြည်အတွက် တကယ်အကျိုးရှိအောင်အသုံးချမယ်ဆိုရင် ဂုဏ်ယူစရာပေါ့။ အခုဟာက ကမ္ဘာပတ်ပြီး တောင်းလို့ရတဲ့ ငွေနဲ့ လက်နက်ဝယ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခိုင်းနေတာဆိုတော့ လှူဒါန်းတဲ့သူတွေမှာ ကုသိုလ်မဖြစ်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ငွေပေးပြီး သတ်ခိုင်းနေရသလို ဖြစ်နေတာပေါ့။


CRPH, NUG အကြမ်းဖက်အဖွဲ့က သူတောင်းစားတွေ တောင်းရမ်းတဲ့ နေရာမှာတော့ လူတော်တွေဗျ။ ဒေါ်လာတွေ သန်းနဲ့ချီပြီး ရတာ။ အဲဒီလိုတွေ ရပြီး PDF လေးတွေက ဘာကြောင့် သူခိုးဓားပြဖြစ်နေရလဲဆိုတာ မစဉ်းတတ်အောင်ပါပဲဗျာ။ CRPH, NUG အနေနဲ့က တောင်းရမ်းလို့ ရတဲ့ ငွေကြေးတွေကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် မသုံးစွဲဘဲ PDF လေးတွေကို ထောက်ပံ့ပေးမယ်ဆိုရင် PDF လေးတွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်လံလုပ်ကြံသတ်ဖြတ်ပြီး ဓားပြတိုက် လုယူရတဲ့ အလုပ်မျိုးတွေ ဘယ်လုပ်စရာလိုမလဲ။


ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတဲ့ မြန်မာစကားပုံလည်း ရှိသားပဲ။ ဦးဆောင်သူများဖြစ်ကြတဲ့ CRPH, NUG က ဦးဆောင်သူတောင်းစားများက ကမ္ဘာပတ်ပြီး တောင်းရမ်းလို့ ရသမျှ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသလို သူတို့ရဲ့ နောက်လိုက် PDF အကြမ်းဖက်သမားများကလည်း CRPH, NUG က ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုကိုင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ပြီး သူခိုး၊ ဓားပြ လုပ်လာတာ မထူးဆန်းပါဘူးဗျာ။


ကျွန်တော်တို့ ပြည်သူတွေအနေနဲ့တော့ သတိရှိကြပေါ့ဗျာ။ CRPH, NUG, PDF ကို ထောက်ပံ့လှူဒါန်းပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေသူတွေလည်း သတိပြု ဆင်ခြင်ကြပါတော့။ PDF သူခိုး ဓားပြ တွေက မှောင်ထဲကလူ ဖြစ်တယ်။ လက်နက်ကို တနေရာဖွက်ထားပြီး မြို့ထဲရွာထဲ လျှောက်သွားနေရင် သာမန်ပြည်သူလိုပဲ။ အခွင့်သာပြီဆိုမှ လုပ်ကြံသတ်ဖြတ်ဝံ့တဲ့ လူ့ငမိုက်သားတွေ  ဖြစ်တဲ့အတွက်ကြောင့် မပေါ့ဆသော သတိနဲ့ သူတောင်းစား၊ သူခိုး၊ ဓားပြ၊ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကာကွယ်ကြပါလို့ တိုက်တွန်းပါရစေဗျာ။  ။


ဒေါင်းနင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)