ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး




MNP - နိုဝင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် စီပွားရေးရာဝန်ကြီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှ (၉၃၆၀၀၀၀၀)ကျပ် ( ကိုးရာသုံးဆယ်ခြောက်သိန်းကျပ်)ဖြင့် တော်ဝင်ရွှေရောင်မြေ ကုမ္ပဏီမှ လုပ်ငန်းတင်ဒါစနစ်ဖြင့်ဆောင်ရွက်သော အနော်ရထာလမ်း ပေအရှည် (၁၇၈၀)ပေ၊ အကျယ် (၁၆)ပေ၊ အမြင့်(၈)လက္မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေးခြင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှ (၃၀၂၉၀၀၀၀)ကျပ် ( သုံးရာနှစ်သိန်းကိုးသောင်းကျပ်)ဖြင့် စိန်ပန်းလမ်း ပေအရှည် (၈၂၅)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၈)လက္မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျောက်ကြီးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ် သိန်း ၄၀ ရှစ်သောင်း (၄၀၈၀၀၀၀) ကျပ်ဖြင့် အလျားပေ(၁၀၀)၊ အကျယ်(၁၂)ပေ၊ အမြင့်ထု (၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန်အမှီ လုပ်ငန်းပြီးစီးဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)