(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဟိုပန်၌ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဟိုပန်၌ပြုလုပ်



MNP   -    ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း

ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးညီနပ်က စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ အလားတူ“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင်လည်း တိုင်းအဆင့်နှင့်လျော်ညီစွာ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ အားကစား ပြိုင်ပွဲများ၊ ညစာစားပွဲနှင့် တိုင်းရင်းသားယဉ်ကျေးမှု အကဖျော်ဖြေပွဲတို့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပရန်လိုအပ်ကြောင်း၊ ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်း ကော်မတီများကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးအပိုင်းတို့တွင် လစ်ဟာမှုမရှိစေရန် ကော်မတီအသီးသီး ချိတ်ဆက်ဆောင်ရွက်ရန်၊ အားကစားပြိုင်ပွဲအလိုက် စည်းမျဉ်းစည်းကမ်းများကို ပြိုင်ပွဲဝင်များ သိရှိရေးထုတ်ပြန်ပေးသွားရန်၊ ကြော်ငြာဗီနိုင်းများ စိုက်ထူသွားရန်၊ လွတ်လပ်ရေးကျောက်တိုင်တွင် ရောင်စုံမီးအလှထွန်းညှိရေး၊ ဖောင်ဆိပ်-နမ့်တစ်လမ်းခွဲမှ မြို့တွင်းသို့သွားသည့် လမ်းတလျှောက် လမ်းမီးတိုင်များထွန်းညှိရေးကို သက်ဆိုင်ရာမီးလင်းရေးကော်မတီနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။


ထို့နောက်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် လုပ်ငန်းကော်မတီ(၉)ခုမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)