MNP - ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့မှ စ၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် မြို့တွင်းသို့ ဆန်နှင့်ကြက်ဥတို့ကို ဈေးနှုန်းသက်သာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်( ၄)ရပ်ကွက်ရှိ ပြည်သူများအား ဆန်တစ်ပြည်ငွေကျပ် ၁၅၀ဝိ\-ကြက်ဥ (၁၀) လုံး ငွေကျပ် ၁၅၀ဝိ\-နှုန်းဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကအမှတ် (၄)ရပ်ကွက်အတွင်းရှိ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ကြက်ဥ (၁၀) လုံးနှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးလျက်ရှိသည်။
အလားတူ ကျန်ရှိနေသော ရပ်ကွက်နေပြည်သူများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ခင်မျိုးဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment