အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် “ Blooming Fantasy 2022” ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် “ Blooming Fantasy 2022” ဖွင့်ပွဲကျင်းပ



MNP  -   ဒီဇင်ဘာ ၁၈

အမျိုးသားကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် “ Blooming Fantasy 2022” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊    ဥယျာဉ်သို့ လာရောက် အပန်းဖြေကြသည့် ဧည့်ပရိသတ်များ     တက် ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက် တာဝန်ရှိသူတစ်ဦးက   ပန်းပွဲတော်ကျင်းပရခြင်းအား ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပန်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင် များသည်  Orchestra အဖွဲ့မှ အနုပညာရှင်များ၊  ကျောင်းသား ကျောင်းသူများ၏ ဘင်ခရာနှင့် အကအဖွဲ့တို့၏ တီးမှုတ်သီဆို ကပြ ဖျော်ဖြေ  တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး   ဂုဏ်ပြု ဆုငွေများ  ချီးမြှင့်ပေးအပ်ကာ ဥယျာဉ်အတွင်း   လှည့်လည် ကြည့်ရှုကြသည်။


အဆိုပါ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ပန်းပွဲတော် ကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး   ကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း  ယခုနှစ် တွင် ပြန်လည် စတင်ကာ ယခင်နှစ် များနှင့်မတူ    ထိုင်းနိုင်ငံမှ အထင်ကရ  ပန်းအနုပညာရှင် Mr.Joe “Rain Forest Thailand” မှ အသစ်ပုံဖော်ထားသည့် Land- scape များတွင် ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံ တို့ကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်း  ပြသထားကြောင်း၊ ပွဲတော်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ  ကျင်းပသွားမည် ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊  ပန်း ဥယျာဉ်ဈေးပွဲတော်များ၊  ပြင်ဦး လွင် ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်းခန်းများဖြင့် ရောင်းချပေး သည့် အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိသည်။

ttps://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)