ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာနှင့်ဂေါသလဲကျေးရွာ တို့မှအပြစ်မဲ့ပြည်သူ ၂ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီး သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာနှင့်ဂေါသလဲကျေးရွာ တို့မှအပြစ်မဲ့ပြည်သူ ၂ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီး သတ်ဖြတ်



MNP ၊ ဒီဇင်ဘာလ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာတွင် နေထိုင်သော ဦးစန်းဝင်း၏ နေအိမ်သို့ ယမန်နေ့ ညနေ ၄နာရီဝန်းကျင်က PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး မေးမြန်းခြင်းမရှိဘဲ ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ  ဦးစန်းဝင်း၏ တူဖြစ်သူ အောင်မျိုးကျော်(ခ)တုံချမ်းသည် သေနတ်ထိမှန်ဒဏ်ရာများဖြင့် နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

အလားတူ ၎င်း PDF အကြမ်းဖက်သမားများသည် ကလေးဝမြို့နယ် ဂေါသလဲကျေးရွာရှိ ကျေးရွာတာဝန်ခံအား ဒလန်ဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်းသိရှိရပါသည်။

အေးချမ်းစွာနေထိုင်နေသော ပြည်သူများအား PDF အကြမ်းဖက်သမားများက အကြောင်းအမျိုးမျိုးပြကာ ဒလန်ဟုခေါင်းစဉ်တပ်၍ လိုက်လံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။


https://t.me/MyanmarNationalPost


(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)