မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်း၌ ဘုရားဖူးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး Box Culvert တံတားနှစ်စင်း တည်ဆောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်း၌ ဘုရားဖူးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး Box Culvert တံတားနှစ်စင်း တည်ဆောက်



MNP - ဒီဇင်ဘာ ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးအား အနယ်နယ်အရပ်အရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင် ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်း၌ Box Culvert တံတားနှစ်စင်းကို ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးတည်ဆောက်လျက်ရှိကြောင်း မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ သိရသည်။


ထိုသို့တည်ဆောက်ရာတွင် မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ မန်းရွှေစက်တော် ဘုရားအဝင် (၃)မိုင်လမ်းရှိ မိုင်တိုင်အမှတ် (၁/၅ - ၁/၆)မိုင်တိုင်အနီးတွင် (၅ x ၅ x ၄၀) ပေအရွယ် အစားရှိ Box Culvert တံတားတစ်စင်းနှင့် ချဉ်းကပ်လမ်း တစ်ဖက် ပေ ၁၅၀ စုစုပေါင်း ပေ ၃၀၀ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို မန်းရွှေစက်တော် ဘုရားကြီးဘဏ္ဍာရံပုံငွေမှ ခွင့်ပြုငွေကျပ် ၄၅ ဒဿမ ၇၁ ကျပ်သန်းဖြင့်လည်းကောင်း၊ အလားတူ မိုင်တိုင်အမှတ် (၂/၂ - ၂/၃)မိုင်တိုင်အနီးတွင် (၅ x ၅ x ၄၀) ပေအရွယ် အစားရှိ Box Culvert တံတားတစ်စင်း ချဉ်းကပ်လမ်း တစ်ဖက် ပေ ၁၅၀ စုစုပေါင်း ပေ ၃၀၀ ကတ္တရာလမ်းနှင့် မြေသားလမ်းရောခင်းခြင်းလုပ်ငန်းကို မန်းရွှေစက်တော်ဘုရားကြီးဘဏ္ဍာရံပုံငွေမှ ခွင့်ပြုငွေကျပ် ၄၄ ဒဿမ ၃၃ ကျပ်သန်း ဖြင့်လည်းကောင်း၊ စုစုပေါင်း Box Culvert တံတားနှစ်စင်းကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့မှစတင်ကာ တည်ဆောက်လျက်ရှိကြောင်း မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁)မြို့ပြ ဦးမင်းသူက ပြောသည်။


မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်း၌ ယာဉ်ကြီး/ယဉ်ငယ်များဖြင့် သွားလာရာတွင် ကား အောက်ပိုင်းနှင့် မလွတ်ကင်းသော ကွေ့ဆင်း/ကွေ့တက် နှစ်နေရာအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် အဆိုပါ Box Culvert တံတားနှစ်စင်းကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် အလှူရှင်များမှ လှူဒါန်းသော အထက်စက်တော်ရာ(ခြေလျင်တက်) စောင်းတန်းမုဒ်ဦး တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဘုရားပရဝုဏ်အတွင်း ဆောင်ရွက်နေသာ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားလုံးကို ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)