မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်




MNP - ဒီဇင်ဘာ ၈


မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်ရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group)တို့ကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်ရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြေပြင် တစ်အိမ်တက်ဆင်း ကောက် ယူရေး အဖွဲ့(Working Group)တို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းလမ်းညွှန်မှုများ မူဝါဒနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းခြင်း၊ မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group) များအား တာဝန်ပေးအပ်ခြင်းနှင့် တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ကာ၊ နယ်မြေအခြေအနေပေါ်သုံးသပ်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရေး စီစဉ်ဆောင်ရွက်ကြဖို့နဲ့ သင်တန်းပေးခြင်း၊ မသန်စွမ်း(၅)မျိုးစာရင်း ကောက်ယူခြင်းတို့အား စနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြား သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက နိုင်ငံတော်မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း ရလဒ်မှန်ကန်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ အီလစ်ထရောနစ် မှတ်ပုံတင်ဦးစီးဌာန EID စာရင်း၌ ထည့်သွင်းထားသော အိမ်ထောင်စု လူဦးရေစာရင်းများကို မြို့နယ်များအလိုက် Print ထုတ်ယူ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေ တစ်စုချင်းစီအား မှန်ကန်သောစာရင်းရရှိရေး မြေပြင်စာရင်း ကောက်ယူရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးစိုးထွဋ်ဦးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး၊ ခရိုင်(၇) ခရိုင်မှ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြကာ၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီများနှင့် အဖွဲ့များ၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)