MNP ၊ ဒီဇင်ဘာ ၁၁
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Cash For Workစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဂျိုင်ကောက်ကျေးရွာ ရှိ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းမုဒ်ဦးရှေ့၌ကျင်းပခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်က အဖွင့် အမှာစကားပြောကြားပြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က Cash For Workစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရပ်မိရပ်ဖ ဦးအုန်းသွင် ကကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါလမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းနှင့် အဖွဲ့ ဝင် ဦးလှတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက လမ်းသစ်တစ်လျှောက်လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါလမ်းသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း Cash For Work စီမံကိန်းဖြင့် ဆပ်သွားကျေးရွာအုပ်စု၊ ဂျိုင်ကောက်ကျေးရွာအဝင်လမ်းအား နိုင်ငံတော်ထောက်ပံ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀) အနက်မှ လုပ်အားခအတွက် သိန်း(၅၀)၊ ပစ္စည်းဝယ်ယူခြင်းအတွက် သိန်း(၅၀)တို့ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗြုန်းကျောက်လမ်း(၇၅၀ပေ× ၁၆ပေ×၆လက်မ)ကို (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment