MNP ၊ ဒီဇင်ဘာ ၁၁
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏ သိမ်တောင်ရပ်ကွက် ရှိ အောင်သုခလမ်း(အပိုင်း-၂) ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် အဆိုပါလမ်းမုဒ်ဦးရှေ့၌ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင်အရာရှိ ဦးမောင်စိန် တို့က အမှာစကားပြောကြားပြီးနောက် ရပ်မိရပ်ဖ ဦးမောင်ကွန် ကကျေးဇူးတင် စကားပြန် လည်ပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ဥက္ကဌ ဦးဇာနည်တိုး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင်အရာရှိ ဦးမောင်စိန် နှင့် စကုရာဇာကုမ္ပဏီမှ ဦးမြနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထိမ်းအမှတ် အလံများကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိသူများက လက်ခံရယူပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများက အောင်သုခလမ်းမတစ်လျှောက်လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း(၅၄.၁၇၅)ဖြင့် စကုရာဇာကုမ္ပဏီလီမိတက် မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၆)ပေ ၊ အရှည် (၈၅၆) ပေရှိကာ အဆိုပါလမ်းမှာ ယခင်က အမာခံကျောက်ချောလမ်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း အဆင့်သို့ မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အခမ်းအနားသို့ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ ၊ စကုရာဇာကုမ္ပဏီမှ တာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment