အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ နိုင်ငံ့အနာဂတ် မျိုးဆက်သစ်တို့လက်ဝယ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ နိုင်ငံ့အနာဂတ် မျိုးဆက်သစ်တို့လက်ဝယ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP - ဒီဇင်ဘာ   ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်း သာကျောင်းသူများဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ဒို့ကျေးရွာဂျာအတွဲ(၁၉)အမှတ်(၂၂)မှ နိုင်ငံ့အနာဂတ် မျိုးဆက်သစ်တို့လက်ဝယ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။


 စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များအ နေဖြင့် စာပေကို လေး စားမြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍  ယခုလို  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့အနာဂတ် မျိုးဆက်သစ်တို့လက်ဝယ်မှာ ဆောင်းပါးမှ  လူငယ်တွေအများစုဟာ ငယ် ရွယ်သူတွေဖြစ်တာကြောင့် ဘဝအတွေ့ အကြုံအားဖြင့် နုနယ်ကြသူများလည်းဖြစ်ပါတယ်၊ အရာရာမှာ စိတ်ဆောင်ရာကို အားမာန်အပြည့်နဲ့ချီတက်နေကြပေမယ့် ချင့်ချိန်တွေးခေါ်နိုင်စွမ်း၊ ဝေဖန်ဆန်းစစ်နိုင်စွမ်းတွေမှ လူကြီးတွေလောက် အတွေ့ အကြုံ မရင့်ကျက်ကြသူများအဖြစ် တစ်ခါ တစ်ရံ မြင်တွေ့ရပါတယ် စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေး နွေးပြောကြားခဲ့သည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူ မသင်းမြတ်နိုင်၊ မသောင်းရီ၊မောင်စိုးမြင့်၊မောင်ထွေးအောင် တို့က  ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉) အမှတ် (၂၂ )ပါ နိုင်ငံ့အနာ ဂတ် မျိုးဆက်သစ်တို့လက်ဝယ်မှာ ဆောင်း ပါးအား  ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ်  ဦးစီးအရာရှိ ဦးစန်းဝင်းကထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)