MNP - ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးများ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများအား ဟောပြောပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကလေးများဉာဏ်ရည်မြင့်မားလာစေရန်၊ သွက်လက်ထက်မြက်လာစေရန် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment