ညောင်တုန်းမြို့နယ်တွင် Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်း စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်း စစ်ဆေး

 


MNP - ဒီဇင်ဘာ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက်များကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုမှတ်ပုံတင်ထားသော မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများအနက် Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များ၏ အခြေအနေနှင့် လျှပ်စစ်ဓာတ်အားထွက်ရှိမှု အခြေ‌အနေများကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)