နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) သို့တက်ရောက်ရန် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့များပါဝင်သော စစ်ရေယာဉ်(ကျန်စစ်သား) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) သို့တက်ရောက်ရန် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့များပါဝင်သော စစ်ရေယာဉ်(ကျန်စစ်သား) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာ




MNP ၊ ဒီဇင်ဘာလ ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) သို့တက်ရောက်ရန်အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက်ကြသည်။


အဆိုပါ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ကျန်စစ်သား)အပါအဝင် နိုင်ငံတကာမှစစ်ရေယာဉ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)