MNP ၊ ဒီဇင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆိုင်ရာ ဆက်စပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးမှုနှင့် ယင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် နည်းလမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment