နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များ က သွားရောက်ဂုဏ်ပြုဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များ က သွားရောက်ဂုဏ်ပြုဖျော်ဖြေ


MNP ၊ ဒီဇင်ဘာ  ၂

မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေ အသီးသီးတွင် မိဝေးဖဝေးနှင့် မိသားစုဝေးကွာစွာဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို နေမအား ညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သား များနှင့် နယ်ခြား စောင့်တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက် စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေး အဖွဲ့သူအဖွဲသားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ  ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် အသီးသီး ရှိ ရှေ့တန်းစခန်းများသို့  မိသားစုများ ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျ သွားရောက် ဂုဏ်ပြု ဖျော်ဖြေသီဆို ကပြ လျက်ရှိသည်။


ထိုသို့ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့ များအား သွားရောက်ဂုဏ်ပြု သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁ ရက် နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်များသို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေး အဖွဲ့သူအဖွဲ့သားများ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ခေတ်ပေါ်တေးသီချင်း များ၊ ခေတ်ဟောင်း တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများနှင့် နယ်ခြားစောင့် တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့်  စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး ခဲ့ကြကြောင်းနှင့်  ဖျော်ဖျေမှုအပေါ် ဝမ်းသာပီတိဖြစ်စွာနှင့် ရှေ့တန်း အရောက် လာရောက်ဖျော်ဖြေပေးကြသူများကို မိမိတို့၏ ချွေးနဲစွာဖြင့် ရရှိသည့်လစာအချို့မှ စုပေါင်း၍ ဂုဏ်ပြုဆုငွေများလည်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)