မှော်တော်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် ဆရာတော်ဦးဝါသဝ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်တော်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် ဆရာတော်ဦးဝါသဝ မှာကြား






MNP ၊ ဒီဇင်ဘာ ၇

ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး၊ ရပ်ရွာလုံခြုံရေးကို မပေါ့ဆသော သတိဖြင့် အလေးထားဆောင်ရွက်ကြရန် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က ယနေ့ နံနက်ပိုင်းက သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။

ဆရာတော်က "မိမိကျေးရွာ၊ မိမိဒေသ၊ မိမိနိုင်ငံကို ဖျက်ဆီးနေတဲ့ PDF အကြမ်းဖက်သမားတွေဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဆရာ/ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို သတိပေးရခြင်းဖြစ်ပါတယ်။ ကိုယ့်ဒေသ တည်ငြိမ်နေပြီဆိုပြီး ပေါ့ဆလို့ မရဘူး။ PDF အကြမ်းဖက်သမားတွေက လစ်ရင် လစ်သလို လုပ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေက မြင်ရက်စရာ မရှိဘူး။ ဒါကြောင့် ဒီကနေ့တော့ တခြားရွာတွေကိုလည်း သွားရောက် ဆွေးနွေးပြောဆိုရတာ ရှိသလို ကိုယ့်ရွာက အဖွဲ့ကိုလည်း စိတ်ဓာတ်ခွန်အားပေးရင်း သတိပေးရတာပါ။" ဟု မိန့်ကြားသည်။

ဆရာတော်ဦးဝါသဝ အနေဖြင့် PDF အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများကြောင့် အတိဒုက္ခရောက်ခဲ့ရသော အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကယ်တင်စောင့်ရှောက်မှုပေးခဲ့ရာမှ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်များဖွဲ့စည်းပြီး KIA, PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကား၊ လုပ်ကြံသတ်ဖြတ်မှုများကို ခုခံကာကွယ်ခဲ့ကြသည်။

ဆရာတော်အနေဖြင့် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များအတွင်းရှိ အကြမ်းဖက်ဘေးအန္တရာယ်သင့် ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးပြီး သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် တာဝန်ရှိသူများထံ တင်ပြကာ လိုအပ်သော လက်နက်၊ ရိက္ခာအကူအညီများ ရရှိအောင် ဆက်သွယ်ဆောင်ရွက်ပေးပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အကြမ်းဖက်အန္တရာယ်များ လျော့ပါးလာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)