ကရသူရိမြို့၊ ကံမော်ကြီးကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၊ ကံမော်ကြီးကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

 


MNP - ဒီဇင်ဘာ ၇


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကံမော်ကြီး ‌ကျေးရွာတွင်  မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေး‌ဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယမန် နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍသည် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအရေးပါလျက်ရှိပါကြောင်း၊နိုင်ငံတော် အစိုးရအနေဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားပေးနိုင်ရန် စီမံလျက်ရှိပြီး  အချို့မဟာဓာတ် အားလိုင်း သွယ်တန်းနိုင်မှု မရှိသည့်ဒေသများအတွက် Off Gird ဖြင့်ဓာတ်အားပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ရေတင်စနစ်ထည့်သွင်း ဆောင်ရွက်သွားမည့်ဖြစ်ပါကြောင်းပြောကြားသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဦးခင်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေအားလျှပ်စစ်နှင့်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကို လူတန်းစားအားလုံး သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲခေါင်က စီမံကိန်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြရာ ကျေးရွာကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူး တင်စကားပြောကြား သည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ဆိုလာစက်ရုံမြေနေရာအား ပန္နက်တင်မင်္ဂလာဆောင်ရွက်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်း - ကရသူရိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)