အမျိုးဖျက် ဘာသာ သာသနာဖျက် PDF အကြမ်းဖက်လောက်ကောင်းများအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့ဝင်များက သစ္စာအဓိဌာန်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးဖျက် ဘာသာ သာသနာဖျက် PDF အကြမ်းဖက်လောက်ကောင်းများအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့ဝင်များက သစ္စာအဓိဌာန်ပြု






MNP ၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ပြည်သူ့စစ်ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ၂၀-၁၂-၂၀၂၂ ရက်နေ့တွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ကျင်းပရာ အမျိုးဖျက် ဘာသာ သာသနာဖျက် အကြမ်းဖက်လောက်ကောင်းများအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့ဝင်များက သစ္စာအဓိဌာန်ပြုခဲ့ကြောင်း သိရသည်။


ပြည်သူ့စစ်ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) သြဝါဒချီးမြှင့်ရာ "ပြည်သူ့စစ်ညီအစ်ကိုများအနေနဲ့ တရားသိသိ ဓားရှိရှိဖြင့် ရှိပြီးသားဓားကို ထက်အောင်သွေးရင်း တပ်မတော်နဲ့အတူလက်တွဲကာ အမျိုးဖျက် ဘာသာ သာသနာဖျက် အကြမ်းဖက်လောက်ကောင်းများအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့ကြီးမှ သစ္စာအဓိဌာန်ပြုပါ၏။ အေးချမ်းစွာနေလို့တဲ့ပြည်သူများကို လူသတ်အကြမ်းဖက် ပစ္စည်းခိုးယူ တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ လူယုတ်မာ PDF အကြမ်းဖက်သမားများ၏ ဘေးဆိုးရန်အန္တရာယ်ကို စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ခြေမှုန်းကြရန်၊ ငြိမ်းချမ်းရေးကို လိုလားသောပြည်သူ့စစ် ညီအစ်ကိုများအနေဖြင့် ပြည်သူ့လူထုကို အကြမ်းဖက်သမားများ ရန်ပြုစော်ကားခြင်း မပြုနိုင်အောင် ညီညီညွတ်ညွတ် ကာကွယ်စောင့်ရှောက်ပေးကြရန်" မိန့်ကြားခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းကြောင့် ဒေသခံ ပြည်သူများအနေဖြင့် PDF အကြမ်းဖက်သမားများကို ရွံမုန်းလာကြပြီး ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ရန် အကြမ်းဖက်ဘေးအန္တရာယ်များကို တပ်မတော်နှင့် လက်တွဲကာ ကိုယ့်ကျေးရွာ/ ရပ်ကွက်များကို အကြမ်းဖက်သမားများ ရန်ပြုစော်ကားခြင်း မပြုနိုင်အောင် ကာကွယ်နေကြရသည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)