MNP ၊ ဒီဇင်ဘာလ ၂၀
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် သဲတောကျေးရွာအနီးတွင် ယမန်နေ့က လုံခြုံရေးအဖွဲများသည် အများပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားတစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး အမ် ၂၂ သေနတ် ၁ လက်၊ အမ် ၁၆ သေနတ် ၁ လက်၊ - ကျည်မျိုးစုံ ၁၅၆ တောင့်၊ ကျည်အိမ် ၃ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
No comments:
Post a Comment