မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ



MNP ၊ ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့်  လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ သဖြင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး  အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိစဉ် ရုံးယာဘက်ခြမ်း ပြတင်းပေါက်အနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်  လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၄ ဦး တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထိုသို့ဆေးကုသမှုများ ခံယူလျက်ရှိစဉ် အမျိုးသား ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျန်လူနာများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုကဲ့သို့ နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ထိခိုက်စေရန်နှင့် နိုင်ငံပိုင်အဆောက်အဦအား ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းထောင် ‌ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သည့် စုံစမ်းစစ်ဆေးမှု များနှင့် ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)