MNP ၊ ဒီဇင်ဘာ ၅
တနင်္သာရီရေတပ်စခန်းဌာနချုပ် စည်းရုံးရေးနယ်မြေအတွင်းရှိ စခန်းသစ် ကျေးရွာအနီး ကာယားကျွန်း၏အနောက်တောင်ဘက် ၁ ဒဿမ ၄ မိုင်ခန့်အကွာ တွင် ဒေသခံငါးဖမ်းလှေမှ ဝေလငါးမန်း(Whale Shark)ဒေသအခေါ် (ဝါဇီပျောက်) ငါး(အလျား ၂၄ ပေခန့်၊ အနံ ၆ ပေခန့်) အသေတစ်ကောင်အား ဒီဇင်ဘာ ၂ ရက်တွင် တွေ့ရှိခဲ့ပြီး စခန်းသစ်ကျေးရွာအုပ်စု၊ ရာကျော်သဲတန်းရွာ ကမ်းခြေသို့ သယ်ယူခဲ့ သည်။
အဆိုပါစခန်းသစ်ကျေးရွာအနီးရှိ စစ်ရေယာဉ်မှ စစ်ရေယာဉ်မှူးနှင့်အဖွဲ့သည် ရာကျော်သဲတန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံအဖွဲ့ များနှင့် ပူးပေါင်း၍ ပုံစံမပျက်မြှုပ်နှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအား ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဦးစီးအဖွဲ့၊ မြိတ်တက္ကသိုလ်အဏ္ဏဝါ သိပ္ပံဌာနမှ ဌာနမှူးဦးစီး ကျောင်းသား/ ကျောင်းသူ လေ့လာရေးအဖွဲ့နှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး ရာကျော် သဲတန်းကျေးရွာကမ်းခြေ၌ အဆိုပါဝေလငါးမန်း(Whale Shark) ဒေသအခေါ် (ဝါဇီပျောက်)ငါးအား စနစ်တကျ မြှုပ်နှံပေးခဲ့သည်။
မြိတ်တက္တသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ လေ့လာတွေ့ရှိချက်အရ အဆိုပါ ဝေလ ငါးမန်း(Whale Shark) ဒေသအခေါ်(ဝါဇီပျောက်)ငါး၏မျိုးစိတ်မှာ Rhincodon typus ဖြစ်ပြီး သက်တမ်း ၈၀ နှစ်မှ ၁၀၀ နှစ်အကြား အသက်ရှင်နိုင်သော ဝေလ ငါးမန်းအမျိုးအစားဖြစ်သည်။ ယခုတွေ့ရှိရသော ဝေလငါးမန်း(Whale Shark)မှာ သက်တမ်း ၁၅ နှစ်မှ ၂၀ နှစ်အကြားရှိသည့် ဝေလငါးမန်းအမျိုးအစားဖြစ်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရာသီဥတုဆိုးရွားခြင်းနှင့် ရေစီးကြောင်းကြောင့် ပင်မ ကမ်းခြေအနီးသို့ရောက်ရှိပြီး ရေချိုနှုန်းများသည့်အတွက် သဘာဝအလျောက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment