မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


MNP ၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်း၌ PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်း သွားခဲ့သည်။


အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းတစ်ထပ် အဆောက်အဦ ရုံးတစ်လုံး၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဘီရို ၅ လုံး၊ သစ်သား စားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင် ၂၄ စင်၊ လျှပ်စစ်မီတာတစ်လုံး၊ ရုံးသုံး  တယ်လီဖုန်းတစ်လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)