MNP - ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်၏သုံးလပတ် TB လချုပ်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံးကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင် ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင် က အဖွင့်အမှာစကား ပြောကြားရာမှာ ယခုကျင်းပပြုလုပ်တဲ့ Quartely TB Evaluation Meeting ဆောင်ရွက်ခြင်းအားဖြင့် တီဘီရောဂါရှာဖွေမှု့နှုန်းကို ပိုမိုဆောင်ရွက်လာစေရန်၊ တီဘီလူနာများအား Contact Tracing စနစ်တကျ ဆောင်ရွက်ပေးကြရန်နှင့် ဆေးယဉ်ပါး တီဘီမဖြစ်စေရေးအတွက် လူနာများအား ဆေးသောက်မပျက်ကွက်စေရေးအတွက် ဆောင်ရွက်ပေးရန်နှင့် တီဘီသံသယ လူနာများအား မြို့နယ် တီဘီရောဂါ တိုက်ဖျက်ရေးဌာနသို့ ညွှန်ကြားပေးရေး အလေးအနက် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါ်စုသက်မွန်က Quartely TB Evaluation Meeting သိကောင်းစရာများ ပြောကြားပေးခဲ့ရာ တက်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်မှုအပေါ် သရက်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်နှင့် သက်ဆိုင်သည့် ဆရာဝန်များက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment