အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level-1 ဖူဆယ်နည်းပြဆရာ သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level-1 ဖူဆယ်နည်းပြဆရာ သင်တန်းဖွင့်လှစ်




MNP  -  ဇန်နဝါရီ  ၂၄

၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level-1 (ဖူဆယ်နည်းပြ ဆရာသင်တန်း) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများအား သင်တန်းဆရာ၊ သင်တန်း သားများတို့နှင့် တစ်ဦးချင်း မိတ်ဆက်ပေးကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ပထမအကြိမ် ဖွင့်လှစ်ခဲ့သည့် ဖူဆယ်နည်းပြဆရာသင်တန်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြ ဆရာ ဘန်လတ်ချုရာဝန်(Mr.Bunlert Charoen Wong)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ကြီးမှူး ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် မြန်မာ့ဘောလုံး(ဖူဆယ်) အားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေရန်၊ ပြောင်းလဲလာသည့် ဖူဆယ်နည်းဥပဒေသစ်များကို ခေတ်နှင့်အညီ သိရှိနားလည်လာစေရန်၊ ရှမ်းပြည်နယ် အတွင်းဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ ရှမ်းပြည်နယ်အတွက် အားထားရသည့် လေ့ကျင့်ရေး စွမ်းအင်ပြည့်ဝသော ဖူဆယ် နည်းပြဆရာများ အမြောက်အမြား ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ/ခရိုင်နှင့် မြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို စိတ်ရောကိုယ်ပါနှစ်၍ စေတနာအပြည့်အဝဖြင့် ဆရာစားမချန် သင်ကြားပေးရန် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်မှ ဖူဆယ်ဘောလုံးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ ဦးတင်မောင်ဌေးမှ နှုတ်ဆက်စကားပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)