ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့်ကိစ္စရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့်ကိစ္စရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေပြုလုပ်





MNP   -   ဇန်နဝါရီ   ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့် ကိစ္စရပ်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းက မကြာမီရက်ပိုင်းအတွင်း နယ်လှည့်ဆေးကုသရေးအဖွဲ့များရောက်ရှိမည်ဖြစ်ပြီး ပေါက်တောမြို့နယ်ရှိ ဒေသခံပြည်သူများကို မြို့နယ်ထွေ/အုပ်ခန်းမတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းများ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအား စာရင်းကောက်ယူရေးအဖွဲ့၊ လှည့်လည်ဆော်သြရေးအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့ စသည့်ဖြင့် ကဏ္ဍအလိုက်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊  ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ယူရမည့်ကိစ္စရပ်များကိုအသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကိုကိုအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများက လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့​ပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)