နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေအတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဝဲ/ယာ သစ်ပင်စိုက်ပျိုးနိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေအတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဝဲ/ယာ သစ်ပင်စိုက်ပျိုးနိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP  -   ဇန်နဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဝဲ/ယာ သစ်ပင်စိုက်ပျိုးနိုင်မည့် အခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း အမြဲစိမ်းလန်းစိုပြည်၍ ရှုခင်းများဖြင့် သာယာလှပစေရန်၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန်၊ အဖိုးတန်၊ အကြီးမြန် အရိပ်ရသစ်မျိုးများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များချမှတ်၍ အာဆီယံလမ်းမကြီး ဝဲ/ယာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဝဲ/ယာ တစ်လျှောက်တွင် သစ်ပင်များ စိုက်ပျိုးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အာဆီယံ လမ်းမကြီး (၇)ခု၏ ဘေး ဝဲ/ယာ လမ်းဘေးတစ်လျှောက် သစ်ပင်စိုက်ပျိုးခြင်းကို ၂၀၂၃ ခုနှစ် မိုးရာသီမှစ၍ စတင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားသည့် အာဆီယံလမ်းမကြီးများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းဧရိယာ နယ်နိမိတ်အဆုံးအတွင်း ကျရောက်လျက်ရှိသည့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၌ စိုက်ပျိုးနိုင်မှုအခြေအနေ၊ သစ်တောမြေပြင်ပတွင် သက်ဆိုင်ရာဌာနများမှ စီမံခန့်ခွဲလျက်ရှိသည့် မြေများ၌လည်း သစ်ပင်များ စိုက်ပျိုးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းတင်ပြဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)