ကျောက်ဖြူမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့(၁၃၃)ဖွဲ့ဖြင့် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့(၁၃၃)ဖွဲ့ဖြင့် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ





MNP  -  ဇန်နဝါရီ  ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေးအတွက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) (၁၃၃)ဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများအလိုက် တစ်အိမ်တက်ဆင်းသွား‌ရောက်ကာ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) သည် မိမိတို့တာဝန်ကျသည့် သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့သွားရောက်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်း၊ လူဦးရေစာရင်းများမှန်ကန် တိကျမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။ ယင်းသို့ ကွင်းဆင်းစာရင်း ကောက်ယူနေမှုအား ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ကျောက်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်(၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် စနဲမြို့ရှိ (၅)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ပေါင်း(၁၃၃)ဖွဲ့ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုများကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)