ပခုက္ကူမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများမိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများမိသားစုအပိုဝင်ငွေရရှိ




MNP  -   ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြသည့်အပြင် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပန်းမျိုးစုံစိုက်ဧကပေါင်း တစ်ဧကနီးပါးစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးသည့်ပန်းများကတော့ ကိုးရီးယား (ခရမ်း၊အဝါ)၊ သပြေ၊ လိပ်ပြာကြား၊ သရဖူ၊ ဂျူးစတား၊ ဂန္ဓာမာစသည့် ရောင်စုံပန်းများစိုက်ပျိုးထားကြောင်း၊ စတင်စိုက်ပျိုးချိန်ပျိုးပင်ဝယ်ယူခြင်း၊ လုပ်အားခ၊ ရေသွင်းခြင်း၊ မြေဩဇာထည့်ခြင်း၊ ရေဖျန်းပိုက်နှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့အတွက် စုစုပေါင်းခန့်မှန်းရင်းနှီမှု ကုန်ကျငွေကျပ်(၅)သိန်းကျော်ရှိကြောင်း၊ မြို့ပေါ်ဈေးကွက်သို့ သွားရောက်ရောင်းချခြင်းမရှိဘဲ မိမိစိုက်ခင်းနေရာတွင်သာ ဖောက်သည်စနစ်ဖြင့် ရောင်းချနေကြောင်း၊ ဂန္ဓာမာပန်းကြိုက်သူများအနေဖြင့် ပန်းခင်းထဲအထိလာ ရောက်ဝယ်ယူလျက်ရှိပြီး လေးကိုင်းစည်းတစ်စည်းကို ငွေကျပ်(၁၁၀၀)နှုန်းဖြင့်လည်းကောင်း၊ သပြေပန်းနှင့်အခြားပန်းများမှာ လက်တစ်ဆုပ်(တစ်စည်း)ကို ငွေကျပ်သုံးရာနှုန်းဖြင့်လည်းကောင်း တစ်နေ့လျှင် အစည်း(၂၀)ကျော် လောက်စီရောင်းချရကြောင်း၊ လက်ရှိချိန်တွင်စုစုပေါင်း ရောင်းရငွေကျပ်(၈)သိန်းကျော်ရရှိပြီဖြစ်ကြောင်း၊ ယခင်နှစ်တွင် စိုက်ပျိုးရင်းနှီးမှုများမပါရောင်းချရငွေ ကျပ်(၁၀)သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မြို့ပေါ်များတွင်လည်း အခြားမြို့နယ်များမှပန်းများလာရောက်ရောင်းချကြသောကြောင့် ရောင်းအားနည်းလျက်ရှိကြောင်း၊ သို့သော် နောက်တစ်သုတ်အနေဖြင့် တပို့တွဲနှင့်တပေါင်းလများတွင် ထပ်မံရောင်းချရမည်ဖြစ် သောကြောင့်(၉)သိန်းကျော် ထပ်မံရရှိမည်ဟုခန့်မှန်းရကြောင်း၊ မိမိတို့ ကျေးရွာတွင် ပန်းမျိုးစိုက်ပျိုးလုပ်ကိုင်သည့် အိမ်ထောင်စု (၆)စုရှိကြောင်း ပခုက္ကူမြို့နယ်၊ ရွာသစ် ကုန်းကျေးရွာမှ ပန်းမျိုးစုံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူတစ်ဦးက ပြောပြသည်။


ယခုနှစ်တွင်ပန်းမျိုးစုံစိုက်ပျိုးသည့် အပြင်ခရမ်းသီး၊ ငရုတ်သီး၊ ခရမ်းချည်သီးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)