မြဝတီမြို့ အ.ထ.က-ခွဲ (၃) ၌ ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ အ.ထ.က-ခွဲ (၃) ၌ ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ




MNP  - ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊  မြဝတီမြို့၊ အခြေခံပညာအထက်ကျောင်းခွဲ (၃) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


အခမ်းအနားကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်သောင်းနှင့် ခရိုင်ပညာရေး မှူး ဦးသန်းဆွေဦးတို့က အဖွင့်အမှာစကားအသီးသီးပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပညာရေးကဏ္ဍအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်


ပေးပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)