ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေ


MNP  -   ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ် နိုင်စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေရရှိ သည့်လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏  နေအိမ်ခြံဝင်းထဲတွင် စိုက်သလို၊ တစ်ချို့ ဒေသနေပြည်သူများက လယ်ယာမြေများတွင်စိုက်ပျိုးထားကြောင်း၊ ကန်းစွန်းပင်၊ ရုန်းပတီပင်၊ ချဉ်ပေါင်ပင်၊ ပဲတောင့်ရှည်ပင်၊ ခရမ်းပင်၊ ပဲပုစွန်ပင်၊ ခဝဲပင်၊ မုန်ညင်းရွက်ပင်နှင့် နံနံပင်များကို အများဆုံးစိုက်ပျိုးကြောင်း၊ အရင်းနှီးလည်းနည်းသည့်အပြင် အပိုဝင်ငွေလည်း ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ မိသားစုအပို ဝင်ငွေရရှိရေးအတွက် ရာသီမရွေး စိုက်ပျိုးနိုင်သော ဝင်ငွေတိုး ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးရန် အကြံပြုကြောင်း၊ ဟင်းသီးဟင်းရွက် ရောင်းချရာတွင် နေ့စဉ်ဝင်ငွေ(၅၀၀၀)ခန့် ရရှိသောကြောင့် စားဝတ်နေ ရေးအဆင်ပြေကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်သည့် မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေ ရရှိရေးအတွက် Home Garden စနစ်ဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)