တနိုင်းမြို့ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ဓဇဂ္ဂသုတ်ပါဠိ​တော်ရွတ်ဖတ်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ဓဇဂ္ဂသုတ်ပါဠိ​တော်ရွတ်ဖတ်ခြင်း အခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်အတွင်း၌ ဆရာတော်၊ သံဃာတော်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အသင်းများနှင့်အတူ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ဓဇဂ္ဂသုတ်ပါဠိတော်တို့ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် (၈)နာရီအချိန်က တနိုင်းမြို့ ဇေယျာသီရိကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်(၅)ပါးမှ အတွင်းအောင်ခြင်း၊ အပြင်​အောင်ခြင်း၊ ဓဇဂ္ဂသုတ်တို့ကို ပါဠိဖြင့်ရွတ်ဖတ်ပူဇော်ပြီး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အဖွဲ့များမှ အပြင်အောင်ခြင်း(၈)ပါးကို မြန်မာပြန်ဖြင့်၊ ဓဇဂ္ဂသုတ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးတို့မှ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။


ပန်းအိ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)