မြဝတီမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ





MNP  -   ဇန်နဝါရီ ၂၈

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်ဌေးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။


ယင်းနောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ Physical Fitness Dance အကဖြင့် ကပြဖျော်ဖြေခြင်း၊ တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေခြင်းများဆောင်ရွက်ပြီး ကပြဖျော်ဖြေတင်ဆက်သည့် အကအဖွဲ့များအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။


ယခုပြိုင်ပွဲကို မြဝတီမြို့နယ်အတွင်းရှိ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ မြဝတီမြို့နယ်ဘောလုံးအားကစားအဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန်၊ မြို့နယ်ဂုဏ်ဆောင် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစရေန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ် သည်။


အဆိုပါ ပြိုင်ပွဲကို အုပ်စု(က)နှင့်အုပ်စု(ခ)အဖြစ် ပြိုင်ပွဲဝင် (၈)သင်းတို့မှ (၂၇.၁.၂၀၂၃)ရက်နေ့မှ (၇.၂.၂၀၂၃) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)