သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြပြန်ပြီ

 





နေပြည်တော်၊ ဇန်နဝါရီလ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။


ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူး တံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲ မှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။


ထိုသို့ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် တံတားအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


PDF နှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် KNU, KNLA, KKO အဖွဲ့များအနေဖြင့် ကရင်ပြည်နယ်အတွင်း ကုန်တင်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)