ရသေ့တောင်မြို့နယ်၌ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်




MNP   -   ဇန်နဝါရီ    ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရေး ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ရသေ့တောင်မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများက ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်းနှင့် ဝန်ထမ်းများက  လျှပ်စစ်အန္တရာယ်ကင်းရှင်းနိုင်ရေး၊လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊နှင့်ဓာတ် အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးအတွက် ၁၁ / ၀.၄ ကေဗွီထရန်စဖော်မာများ၏ကြံ့ခိုင်မှုစစ်ဆေးခြင်း ၊ မြို့တွင်း ကေဗွီဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း ၁၁ / ၀.၄ ကေဗွီထရန်စဖော်မာ များဝန်အားမျှလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)