ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ လူငယ်စကားဝိုင်း ကျင်းပ






MNP  -  ဇန်နဝါရီ   ၂၈

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေး ကာGrade -11မှ ကျောင်းသူ မသန်းသန်းနွယ် ကလူငယ်နှင့်စာရိတ္တ၊Grade-11မှ ကျောင်းသူ မလှဝင်းခင် က လူငယ်နှင့်စာဖတ်ခြင်း Grade- 11မှ ကျောင်းသားမောင်ကိုကိုလင်းကလူငယ်နှင့်မူးယစ်ဆေးဝါး Grade-11မှ ကျောင်းသား မောင်စိုးလင်းအောင်ကလူငယ်နှင့်အားကစားအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။


 အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက် ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)