ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre )ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre )ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ


MNP   -    ဇန်နဝါရီ ၂၈

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ( Community Centre )ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင်  ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ အချင်းချင်း ရင်းနှီးချစ် ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပဲခူးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်‌ယဥ်ယဥ်နု က ဦးဆောင်ဆွေးနွေးကာ Grade -11မှ ကျောင်းသူ မအင်ကြင်းမိုးက “လူငယ်နှင့်စာရိတ္တ”၊ Grade-11 မှ ကျောင်းသူ မသဇင်အောင်က”လူငယ်နှင့်စာဖတ်ခြင်း” Grade -10 မှ ကျောင်းသား မောင်စိုးဦးက  “လူငယ်နှင့်မူးယစ်ဆေးဝါး” Grade -10 မှ ကျောင်းသူ မယဉ်ဖြူဖြူအောင်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး “ Grade-10 မှ ကျောင်းသား မောင်သီဟဇော်က “လူငယ်နှင့်လူမှုမီဒီယာ”၊ Grade-10မှကျောင်းသူ မတင့်တင့်ထွန်းက “လူငယ်နှင့်အားကစား” အစရှိသည့် ခေါင်းစဉ်ပါ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့်     ကျောင်းသား/ကျောင်းသူ များက မိမိတို့သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်း စဉ်အလိုက် ဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ(၆)ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ (၆)  ဦးအား       ငွေသားဆု    နှင့် ဂုဏ်ပြု လက်ဆောင် ပစ္စည်းများပေး အပ်ချီးမြှင့်ခဲ့သည်။



ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက    ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင် စားစွာ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ် စကားဝိုင်း ဆွေးနွေးပွဲသို့ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း မှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု‌ပေါင်း(၇၀) ဦး တက်ရောက်ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)