ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများပို့ချပေးနိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများပို့ချပေးနိုင်ရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ


MNP  -   ဇန်နဝါရီ   ၂၈

မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အလုပ် သမားညွန်ကြားရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသတွင်း ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း များရရှိစေရန်၊ လူနေမှုဘဝမြင့်တက်စေရန်၊ ဒေသ လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများပို့ချပေးနိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မော်လမြိုင်မြို့ညောင်ပင်ဆိပ် စက်မှုဇုန်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန( ပြည်နယ်ရုံး) ၊မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များဖြစ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်မည့် TVET အစီအစဉ်များ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား နိုင်ရေးဒေသ များအလိုက် ပညာရှင်များစုဖွဲ့၍ အစီအမံများရေးဆွဲ အကောင် အထည် ဖော်ဆောင်ရွက်ရန်၊ MSME များအတွက် လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ဖြစ်သည့် ငွေကြေးအရင်း အနှီး၊ လျှပ်စစ်မီးရရှိမှု၊ ကျွမ်းကျင်လုပ်သား လိုအပ်မှု၊ မြေယာလို အပ်မှုများ၊ နည်းပညာလိုအပ်ချက်၊ စျေးကွက် ကျယ်ပြန့်စွာ ရရှိနိုင်ရေး၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ လွယ်ကူစွာဖြန့်ဖြူးနိုင်ရေးကို ပံ့ပိုးဆောင်ရွက်နိုင်ရန်နှင့် ဒေသလိုအပ် ချက်နှင့် ကိုက်ညီသောသင်တန်းများ ပို့ချပေးနိုင်ရေး MSME လုပ်ငန်းရှင်များမှ ပါဝင်ဆွေးနွေးပေး စေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် စက်စဲကျောင်းအုပ်ကြီး ဦးထွန်းကိုက သင်တန်းများဖွင့်လှစ်ထား ရှိမှုနှင့်သင်ကြားပေး သည့်ဘာသာရပ်များ အား လည်းကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက ဌာနဆောင်ရွက် ချက်နှင့် သင်တန်းများတက်ရောက်ပါက ဆောင်ရွက်ပေးမည့်အခြေအနေများ ၊ ဧရာဝတီဘဏ်အထွေအထွေမန်နေဂျာ ဦးဝင်းနိုင်ဦး က လုပ်ငန်းရှင်များ အတွက် ချေးငွေရယူနိုင်ပုံနှင့် ဘဏ်၏ ဝန်တောင်မှု များအား အသီးသီးရှင်း လင်းပြောကြားပြီး တက်ရောက်လာ သူများကိုယ်စား မော်လမြိုင်စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က သိလိုသည့်အချက်များကို မေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ အလုပ်သမားရေးရာ ဥပဒေများကို မွန်ပြည်နယ်အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန မှတာဝန်ရှိသူများက အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


စည်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)