ပန်း​တောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာ၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်း​တောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာ၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP  -  ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နား ကျေးရွာရှိ  ဒေသခံတောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့် ပိုလျှံစွာ ဆီစားသုံးနိုင်ရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးကူညီမှုများဖြင့် မျိုးစေ့ထုတ်နေကြာ စိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေကြာစိုက်တောင်သူ ဦးလှ​ရွှေထံမှ သိရသည်။


ယခုလို နေကြာစိုက်ခင်းများ အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ စနစ်တကျ စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးပေးပြီး သွင်းအားစုအနေဖြင့်  ထယ်ရေးပြင်ချိန်မှစကာ တစ်ဧကလျှင် နွားချေးနှင့် မြေဆွေးကို နွားလှည်း ၅ စီးစာ၊ ယူးရီးယား တစ်ရာပေါင်၊ တီစူပါ ၅၀ ပေါင်နှင့် ပိုတက်ရှ် ၅၀ ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးပြီး  စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီမည့်  ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းရှိသော နေကြာမျိုးစေ့ကို  မြေအစိုဓာတ်  လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ  နှစ်လက်မအတွင်း စိုက်ပျိုးပြီး သတ်မှတ်အပင်အရေအတွက်ညီစေရန် တန်းကြား ၂ ပေ၊ အပင်ကြား ၉ လက်မဖြင့် တစ်တွင်းလျှင်  မျိုးစေ့နှစ်စေ့နှုန်းဖြင့် စနစ်တကျ စိုက်ပျိုးခဲ့သဖြင့် ယခုကဲ့သို့ အပင်များမြင့်ထွားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် မိမိတို့ဒေသအတွက် နေကြာဆီများ ပိုလျှံစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း တောင်သူဦးလှရွှေ၏ ပြောပြချက်အရ သိရသည်။


သင်းသင်းအေး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)