မချမ်းဘော့မြို့နယ်ရှိ နတ်ကျွန်းသို့ အပန်းဖြေလည်ပတ်သူများ ပိုမိုလာရောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့နယ်ရှိ နတ်ကျွန်းသို့ အပန်းဖြေလည်ပတ်သူများ ပိုမိုလာရောက်လျက်ရှိ


MNP  -   ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ နတ်ကျွန်းသို့ ပွင့်လင်းရာသီဖြစ်သည့် ဇန်နဝါရီလအတွင်း လာရောက်လည်ပတ်သူများ ပိုမိုလာရောက်လျက်ရှိကြောင်း သိရသည်။


နတ်ကျွန်းသည် မချမ်းဘော့မြို့နယ်၏ အထင်ကရနေရာတစ်နေရာဖြစ်ကာ ကုန်းလမ်းရေလမ်းများဖြင့် သွားရောက်လည်ပတ်နိုင်သောနေရာဖြစ်ပြီး အများအားဖြင့် မလိခမြစ်ရှုခင်းကို ခံစားနိုင်သည့် ရေလမ်းခရီးဖြင့်သွားရောက်လည်ပတ်သူများ ပိုမိုများပြားကြောင်း သိရသည်။


ရေလမ်းခရီးဖြင့် သွားရောက်လည်ပတ်မည်ဆိုပါက မချမ်းဘော့မြို့၏ တစ်ဘက်ကမ်းရှိ နောင်ခိုင်ကျေးရွာ စက်လှေဂိတ်မှတစ်ဆင့် စက်လှေများဖြင့် သွားရောက်လည်ပတ်နိုင်ပြီး အသွားအပြန်တစ်နာရီခွဲခန့်သာကြာမြင့်ကာ စက်လှေတစ်စီးလျှင် ကျပ် ၅၀၀၀၀ ဖြင့် ငှားရမ်းနိုင်ပြီး စက်လှေတစ်စီးလျှင် လူ ၁၀ ဦးခန့် စီးနင်းလိုက်ပါနိုင်ကြောင်းနှင့် ရေလမ်းခရီးတစ်လျှောက် ခရီးသွားများရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် အသက်ကယ်အင်္ကျီများပါ စီစဉ်ပေးထားကြောင်းလည်း သိရပါသည်။


နတ်ကျွန်းသို့သွားရာ ရေလမ်းခရီးတစ်လျှောက်တွင် မလိခမြစ်၏သဘာဝအလှရှုခင်းများ၊ စိမ်းလမ်းသောတောတောင်ရေမြေရှုခင်းနှင့် သဘာဝကျောက်ဆောင်များ၊ မလိခမြစ်နှင့် မူလာရှီးဒီးချောင်းဆုံရာ မြစ်ဆုံအလှတို့ကိုပါလေ့လာနိုင်ပြီး နတ်ကျွန်းပေါ်တွင် တည်ထားကိုးကွယ်သောစေတီကိုလည်း ဖူးမျှော်နိုင်ခြင်းများကြောင့် ယခုလိုပွင့်လင်းရာသီကာလများတွင် ပြည်တွင်းပြည်ပခရီးသွားများ၊ ဒေသခံပြည်သူများက မိတ်သားစုအလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများဖြင့် အဖွဲ့လိုက်သော်လည်းကောင်း စဉ်ဆက်မပြတ် လာရောက်လျက်ရှိရာ နောင်ခိုင်ကျေးရွာစက်လှေဂိတ်မှ ဂိတ်မှူး ဦးကျားခွန်နှင့် ဦးငွါးလီရဲ့တို့၏ပြောပြချက်အရ နတ်ကျွန်းသို့ လာရောက်လာပတ်သူများကို တစ်ရက်လျှင် စက်လှေ ၅ စီးမှ ၁၀ စီးအထိ ပို့ဆောင်ပေးရပြီး စနေ၊ တနင်္ဂနွေ ကဲ့သို့သောရက်များတွင် ပိုမိုများပြားတတ်ကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)