MNP - ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတုပြည့်ဝစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လက်ထောက်ပညာရေးမှူး ဦးမြင့်ကျော်က ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပညာရေးစနစ်ကိုလည်း ပြောင်းလဲလာတာဖြစ်၍ ကျောင်းစာသာမက ဗဟုသုတရရှိစေမည့် စာပေများဖတ်ရှုကြရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်လူရွယ်များ စိတ်ဓာတ်စည်းကမ်းကောင်းပြီး လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံစေရန် မိမိ၏အားလပ်ချိန်များတွင် ဘဝအတွက်အကျိုးရှိမည့် စာကောင်းပေမွန်များဖတ်ရှုကြရန် ပြောကြားပေးခဲ့သည်။
ထို့နောက် သရက်မြို့နယ် ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးက ယခုလို မိမိကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အသိပညာ၊ ဗဟုသုတများ လာရောက်ပြောကြားပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost


No comments:
Post a Comment