ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်




MNP ၊ ဇန်နဝါရီ ၃၀

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၆-၁-၂၀၂၃ ရက်တွင် Vienna International Centre ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျ ဥက္ကဋ္ဌ (၂၀၂၂ ခုနှစ်) ဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်အတွင်း အောင်မြင်မှုများသည် ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဖန်တီးနိုင်စွမ်းနှင့် ပြီးပြည့်စုံခြင်းတို့ကို တိုးတက်ခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ United Nations Office in Vienna (UNOV) ညွှန်ကြားရေးမှူးချုပ်နှင့် United Nations Office on Drugs and Crime (UNODC) အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Ghada Fathi Waly ၊ United Nations Industrial Development Organization (UNIDO) ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller ၊ International Atomic Energy Agency (IAEA) ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi နှင့် Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) အမှုဆောင်အတွင်းရေးမှူး၏ ကိုယ်စားလှယ်တို့က အလှည့်ကျ ဥက္ကဋ္ဌအသစ်အား ကြိုဆိုထောက်ခံကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသီးသီး ပြောကြားခဲ့ကြပါသည်။

ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသော ဗီယင်နာမြို့အခြေစိုက် United Nations Commission on International Trade Law (UNCITRAL) အတွင်းရေးမှူး Ms. Anna Joubin-Bret ၊ United Nations Office for Outer Space Affairs (UNOOSA) ညွှန်ကြားရေးမှူး Mr. Niklas Hedman နှင့် ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များကလည်း ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ 

ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပသည့် အထွေထွေညီလာခံမျာ ၊ အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဝင်ရောက်ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)