မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ် တရား တော်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ် တရား တော်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ





MNP  -    ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ရှစ်သောင်းပုထိုးတော်ကြီး အတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ပင့်ဖိတ်ထားသော ဆရာတော် ၊ သံဃာတော်များ နှင့် ဝတ်ရွတ် အသင်း အဖွဲ့ များက  နမောတသ  သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဧည့်ပရိတ် သတ်များ မှ ၅ ပါးသီလခံယူဆောက်တည်ကြသည်။ 


ထို့နောက် ဆရာတော်သံဃာတော်များ မှ အတွင်းအောင် ၊ အပြင်အောင် ၊ အောင်ခြင်း (၈) ပါး ပါဠိ တော် ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း (၈) ပါး မြန်မာပြန် အနက် အားရွတ်ဖတ်ပူဇော်ခဲ့သည်။ ပြီးနောက် ဆရာတော်သံဃာတော်ကြီးများမှ ဓဇဂ္ဂသုတ်ပရိတ် တရား တော် များရွတ်ဖတ်ပူဇော်ချီးမြှင့်၍ ဝတ်ရွတ်အသင်းမှ လည်း ဓဇဂ္ဂသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များက နဝကမ္မ အစရှိ သည့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှ ပေး ဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။ 


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)