MNP - ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်(သန်လျင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယနေ့နံနက်၁၀နာရီက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများအား ကျင်းပပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အ.ထ.က (၃) သန်လျင်မှ ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment