ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်




MNP  -  ဇန်နဝါရီ   ၂၅

ရခိုင်ပြည်နယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းဥပဒေ စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော် ကဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေစာအုပ်ပါ ဥပဒေများနှင့် ပြင်ဆင်သည့်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကိုသိရှိ လိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်း ဦးစွာပြောကြားသည်။ ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ပါ အခန်း(၇)၊ အခန်း(၈)၊ အခန်း(၉)၊ အခန်း(၁၀)ပါ အကြောင်းအရာများကို ဝန်ထမ်းတစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။


 ထို့နောက် ဝန်ထမ်း၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင်(၂) ကြိမ်နှုန်းဖြင့် ဝန်ထမ်းများနှင့်သက်ဆိုင်သည့် စာအုပ်ပါ အကြောင်းအရာ ခေါင်းစဉ်များအလိုက် ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်ပြုလုပ်  ပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)