ဗန်းမော်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲကျင်းပ





MNP  -   ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗန်းမော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက သင်ကြားသွားသည့် ဘာသာရပ်များကို သရုပ်ဖော်ပြသခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထူးချွန်ဆုရ သင်တန်းသူ၊ သင်တန်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဗန်းမော်တက္ကသိုလ်အတွင်းမှ တာဝန်ရှိသူများက သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဗန်းမော်တက္ကသိုလ်အတွင်းမှ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၄)ဦးက  ဇန်နဝါရီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၄)ရက်ကြာ တာဝန်ယူ သင်ကြားပို့ချပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းကို ဗန်းမော်တက္ကသိုလ်အတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပြီး ထပ်မံဖွင့်လှစ်မည့် သင်တန်းများတွင် တက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၀၀)ကျော်ခန့် ရှိကြောင်း  သိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)