တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောမပျံတော်မူခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောမပျံတော်မူခြင်း


MNP - ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု- ခြောက်မိုင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဦးစီးနာယက ပဓါနဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ, သက်တော် (၈၅)နှစ်၊ သိက္ခာတော် (၆၁)ဝါ၊ ခမည်းတော် ဦးညွန့်ဖေ မယ်တော် ဒေါ်ဘီဇံသည် (၉၆)ပါး ရောဂါဖြင့် ယမန်နေ့ ညနေ ၄ နာရီ၊ ၁၇မိနစ်အချိန်က ၎င်းကျောင်းတိုက်အတွင်း ဘဝနတ်ထံပျံတော်မူခဲ့ကြောင်း သိရသည်။


ဆရာတော်သည် ကျန်းမာရေးမကောင်းသဖြင့် မြိတ်မြို့-မြင့်မိုရ် အထူးကုဆေးရုံတွင် လွန်ခဲ့သော(၄)ရက်ခန့်က တက်ရောက်ကုသမှုခံယူနေရာမှ သက်သာလာခြင်းမရှိသဖြင့် တပည့်ဒါယိကာ/ဒါယိကာမများက ပြန်လည်ပင့်ဆောင်လာခဲ့ရာ ကျောင်းတိုက်သို့ပြန်လည် ရောက်ရှိပြီး မကြာမှီ ဘဝနတ်ထံပျံတော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ အန္တိမစျာပန အစီအစဉ်အား မြိတ်ခရိုင် သံဃနာယကဆရာတော်များက ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆရာတော် သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသောမသည် တနင်္သာရီမြို့နယ်အတွင်း နိုင်ငံတော်မှ ဘွဲတံဆိပ်တော် ဆက်ကပ်ပူဇော်ခံရသည့် ပထမဆုံးဆရာတော်ဖြစ်၍ ၁၃၆၅ခုနှစ်၊ပြာ သိုလဆန်း ၁၃ရက် (၄-၁-၂၀၀၄)ရက်နေ့တွင် သဒ္ဓမ္မဇောတိကဘွဲ့တံဆပ်ကပ်ပူဇော်ခံရခြင်း


ဖြစ်ပြီး၊  ဆရာတော်ဘုရားအား ၁၂၉၉ခုနှစ် (၁၉၃၈-ခုနှစ်)တွင် တနင်္သာရီမြို့-ချောင်းကြီး ရပ်ကွက် မင်္ဂလာကြီးလမ်းတွင် ခမည်းတော် ဦးညွန့်ဖေနှင့် မယ်တော် ဒေါ်ဘီဇံတို့မှဖွားမြင်ပြီး မွေးချင်း(၇)ဦးအနက် စတုတ္တမြောက်သားဖြစ်၍ ငယ်နာမည်မှာ မောင်သန်းစိန်ဖြစ်ကြောင်း သိရသည်။


ထိန်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)