ပေါင်မြို့နယ် တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်







MNP  - ဇန်နဝါရီ  ၁၁

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ ၌ ကျင်းပပြုလုပ် ခဲ့သည်။ 


အဆိုပါအခမ်းအနားတွင်အထက‌ပေါင်ကျောင်းမှကျောင်းသား/သူ များကစုံညီပွဲ တော်တို့နွှဲပျော်တေးသီချင်းဖြင့်သီဆိုပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။


ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးကျော်လင်းဦး နှင့် မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းအေးတို့ကအဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်၊မြို့နယ်အလိုက် ထူးချွန် ဆုရရှိကြသည့်ကျောင်းသား၊ကျောင်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်၊မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းအေး  နှင့်ကျောင်းအကျိုးတော်ဆောင်များ၊ဧည်သည်တော်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အခမ်းအနားကို မြို့နယ်အတွင်းရှိကျောင်းသား/သူတို့က အကပဒေသာများဖြင့်ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)