MNP - ဇန်နဝါရီ ၁၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်မတည်ထောက်ပံ့ ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်ကော်မတီထံမှ ကျေးရွာကော်မတီသို့ ရန်ပုံငွေလွဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ အောင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထို ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ခရိုင်ဦးစီး မှူး ဒေါက်တာဖြိုးဝင်းကို က ရန်ပုံငွေလွှဲပြောင်းပေး အပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲကို ကျင်းပ ပြုလုပ်ရာ နိုင်ငံစီးပွားမြှင့်တင်မ တည်ထောက်ပံ့ ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်ကော်မတီဥက္ကဌ က ဒညင်းကုန်း ကျေးရွာ မှနွားမွေးမြူရေး လုပ်ကိုင် သူ အိမ်ထောင်စု ၅၀ စုအတွက် တစ်အိမ်ထောင် လျှင် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၅၀၀ ကို ကျေးရွာကော်မတီဥက္ကဌ ဦးကျော်ဝင်းထံသို့ လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment