သရက်ချောင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်





MNP   -    ဇန်နဝါရီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ ကျောက်မြောင်းကျောင်းကြီးတွင် ကျင်းပခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကာအခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပင့်ဖိတ်ထားသောဆရာတော်သံဃာတော်များ၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး နှင့် အဖွဲ့ဝင်များက ပင့်ဆောင်သံဃာများအား လှူဖွယ်ပစ္စည်းအစုစုတိုကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ"ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရားခန်းတွင် မိသားစု စည်းလုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံ၌ ရဲတပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး ဓမ္မာရုံ၌ မီးသတ်တပ်ဖွဲ့ဝတ်ရွတ်အသင်းတို့မှ ဘုရားအမှူးပြုသည့် ရတနာမြတ်(၃)ပါးအား ရည်စူး၍ ပူဇော် ကန်တော့ခြင်း၊ မြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ပရိတ်ကြီး(၁၁)သုတ်ပါ ဓဇဂ္ဂသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ အပြင်အောင်ခြင်း(၈)ပါး၊ အတွင်းအောင်ခြင်း (၈)ပါး၊ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။


ပြည့်ဖြိုးပိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)